ခရီးသွားအာမခံ
KBZMS မှဝန်ဆောင်မှုပေးမည့် ခရီးသွားအာမခံအမျိုးအစားများမှာ -
(၁) မိုင် (၁၀၀) အောက် ခရီးသွားအာမခံ
(၂) မိုင် (၁၀၀) အထက် အထူးခရီးသွားအာမခံ
(၃) ပြည်တွင်းခရီးစဥ်များ ခရီးသွားအာမခံ
(၄) ပြည်ပခရီးစဥ်များ ခရီးသွားအာမခံ
မိုင် (၁၀၀) အောက်ခရီးသွားအာမခံ
- ခရီးစဥ်အစ (ဂိတ်အစ) မှအဆုံးအထိ (ခရီးတစ်ခေါက်အတွက်) တစ်ဦးလျှင် (၁၀၀) ကျပ်ဖြစ်ပါသည်။
အာမခံထားရှိသူရရှိမည့် အကျိုးခံစားခွင့်
- အာမခံထားငွေ (၁) ယူနစ်အတွက် ကျပ်သိန်း (၂ဝ) ရရှိမည်ဖြစ်ပါသည်၊ (အာမခံကြေး၏အဆ နှစ်သောင်း)
- ထိခိုက်ဒဏ်ရာရရှိ၍ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် ဆရာဝန်၏ ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသော နှုန်းထားများအတိုင်းပေးလျော်မည်။
- ရရှိသည့်ဒဏ်ကြောင့် ဆေးရုံတက်၍ဆေးဝါးကုသခြင်း ခံယူရပါက (၁) ပတ် တစ်ယူနစ်အတွက် ကျပ် (၃,၂၀၀) နှုန်းဖြင့် ရက်သတ္တပတ် (၅၂) ပတ်အထိ ခံစားခွင့်ရရှိပါမည်။
(ပြည်တွင်း/ပြည်ပခရီးစဥ်များနှင့် မိုင် ၁၀၀ အောက် ခရီးသွားအာမခံအားလုံးတွင် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပြီးဖြစ်သော်လည်း အလုပ်လုပ်ကိုင်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝလုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့အပြည့်အဝလုပ်ကိုင်နိုင်ခြင်းမရှိသည့် ကာလအတွက် သတ်မှတ်ထားသည့် တစ်ယူနစ်နှုန်းထားများအတိုင်း ဆေးရုံတက်၍ဆေးဝါးကုသမှုခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် (၅၂) ပတ်အထိ ခံစားခွင့်ရရှိပါမည်.
KBZMS မှခရီးသွားအာမခံကို
- မိုင် (၁၀၀) အောက် ခရီးစဥ်များအတွက်သာမက
- ပြည်တွင်းခရီးစဥ်များ
- ပြည်ပခရီးစဥ်များ၊ လေယာဥ်၊ ရေယာဥ်၊ ကိုယ်ပိုင်ယာဥ် (သို့မဟုတ်) စင်းလုံးငှားယာဥ်၊ အများပြည်သူသုံးယာဥ်လိုင်းများဖြင့် စီးနင်းလိုက်ပါသည့်ခရီးသည်များ အသက်အရွယ်ကန့်ကတ်ချက်မရှိ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်.
မိုင် (၁၀၀) အထက်အထူးခရီးသွားအာမခံ
- ခရီးစဥ်အစ (ဂိတ်အစ) မှအဆုံးအထိ (ခရီးတစ်ခေါက်အတွက်) တစ်ဦးလျှင် (၃၀၀) ကျပ်ဖြစ်ပါသည်။ အနည်းဆုံး (၁) ယူနစ်မှ အများဆုံး (၂) ယူနစ်အထိ ဝယ်ယူရရှိနိုင်ပါသည်.
အာမခံထားရှိသူရရှိမည့် အကျိုးခံစားခွင့်
(၁) အာမခံထားငွေ (၁) ယူနစ်အတွက် ကျပ်သိန်း (၃ဝ) ရရှိမည်ဖြစ်ပါသည်၊ (အာမခံကြေး၏အဆ တစ်သောင်း)
(၂) ထိခိုက်ဒဏ်ရာရရှိပါက အချိုးကျနှုန်းထားများအတိုင်းရရှိမည်ဖြစ်ပြီး အမြင့်ဆုံးကျပ် ၂၄ သိန်းအထိ ရရှိနိုင်မည်ဖြစ်ပါသည်.
အာမခံသက်တမ်း
ပြည်တွင်း - အနည်းဆုံး (၁) ရက်မှ အများဆုံး (၃) လအထိ
ပြည်ပ - အနည်းဆုံး (၁) ရက်မှ အများဆုံး (၃) လအထိ
ပရီမီယံနှုန်းထား
ပြည်တွင်း
(၁) ရက်ခရီးအတွက် ကျပ် (၁၀၀)
(၃) ရက်ခရီးအတွက် ကျပ် (၁၅၀)
(၁) ပတ်ခရီးအတွက် ကျပ် (၂၀၀)
(၂) ပတ်ခရီးအတွက် ကျပ် (၂၅၀)
(၁) လခရီးအတွက် ကျပ် (၃၀၀)
(၁) လနှင့် (၁၅) ရက်ခရီးအတွက် ကျပ် (၃၅၀)
(၂) လခရီးအတွက် ကျပ် (၄၀၀)
(၂) လနှင့် (၁၅) ရက်ခရီးအတွက် ကျပ် (၄၅၀)
(၃) လခရီးအတွက် ကျပ် (၅၀၀)
ပြည်ပ
(၁) ပတ်ခရီးအတွက် ကျပ် (၂၀၀)
(၂) ပတ်ခရီးအတွက် ကျပ် (၂၅၀)
(၁) လခရီးအတွက် ကျပ် (၃၀၀)
(၁) လနှင့် (၁၅) ရက်ခရီးအတွက် ကျပ် (၃၅၀)
(၂) လခရီးအတွက် ကျပ် (၄၀၀)
(၂) လနှင့် (၁၅) ရက်ခရီးအတွက် ကျပ် (၄၅၀)
(၃) လခရီးအတွက် ကျပ် (၅၀၀)
အာမခံထားရှိသူရရှိမည့် အကျိုးခံစားခွင့်
- အာမခံထားငွေ (၁) ယူနစ်အတွက် ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ် ကျပ်သိန်း (၁၀၀) အထိ ရရှိမည်ဖြစ်ပါသည်။
- ထိခိုက်ဒဏ်ရာရရှိ၍ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် ဆရာဝန်၏ ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသော နှုန်းထားများအတိုင်းပေးလျော်မည်။
- ရရှိသည့်ဒဏ်ကြောင့် ဆေးရုံတက်၍ဆေးဝါးကုသခြင်း ခံယူရပါက (၁) ပတ် တစ်ယူနစ်အတွက် ကျပ် (၄,၀၀၀) နှုန်းဖြင့် ရက်သတ္တပတ် (၅၂) ပတ်အထိ ခံစားခွင့်ရရှိပါမည်။
ဝယ်ယူရရှိနိုင်မည့်နေရာများ
KBZMS နှင့်ချိတ်ဆက်ထားသော ယာဥ်လိုင်းများ၊ လက်မှတ်အရောင်းဌာနများ၊ မော်တော်ယာဥ်ငှားရမ်းအသုံးပြုသည့်ကုမ္ပဏီများ၊ ပြည်တွင်းပြည်ပခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ၊ ဘုရားဖူးအကျိုးဆောင်အဖွဲ့များနှင့် ကမ္ဘာလှည့်ခရီးသည်ဝန်ဆောင်မှုကုမ္ပဏီများတွင် ဝယ်ယူနိုင်သလို KBZMS အာမခံရုံးခွဲများနှင့်လည်း တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ပါသည်။
Copyright © 2019 KBZMS - All Rights Reserved.