ကျွန်ုပ်တို့၏ အသေးစားကျန်းမာရေးအာမခံ (Micro Health Insurance) သည် ဆေးရုံတက်ရသည့်အခါတွင် သို့မဟုတ် သေဆုံးသည့်အခါတွင် အသေးစားကျန်းမာရေး အကာ အကွယ် ပေးအပ်မည်ဖြစ်ကာ သင်နှင့် သင်ချစ်ရသူများကို သက်သာသော နှုန်းထားနှင့်အတူ အာမခံအကာအကွယ် ပေးအပ်သွားမည် ဖြစ်ပါသည်။ ၎င်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF)၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ လက်ရှိတွင် လက်ခံဆောင်ရွက်လျက်ရှိသော အသေးစားကျန်းမာရေး အာမခံပေါ်လစီ ဖြစ်ပါသည်။ ဤအသေးစားကျန်းမာရေးအာမခံ၏ ရည်ရွယ်ချက်မှာ အများဝယ်ယူရန် တတ်နိုင်မည့်နှုန်းထားနှင့် ကျန်းမာရေးအကာအကွယ် ပေးစွမ်းနိုင်ရန်ဖြစ်ပြီး အာမခံအကာအကွယ်များအပေါ် ပိုမိုစိတ်ဝင်စားမှု ရှိလာစေရန် ရည်ရွယ်ပါသည်။
Our micro health insurance will cover you and your loved ones at an affordable price, providing micro health coverage in case of hospitalization or death. It is our micro health insurance policy which is currently being carried out in accordance with the instruction of Insurance Business Regulatory Board (IBRB) under Ministry of Planning and Finance (MOPF). The objective of this micro health insurance is to provide health protection at an affordable rate and to make insurance protection more appealing.
စည်းကမ်းချက်များ/Terms and Conditions
၁။အာမခံထားနိုင်ခွင့်ရှိသူ
အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ မည်သူမဆို ယခုအာမခံအကာအကွယ်တွင် အကျုံးဝင်မည် ဖြစ်ပါသည်။
1. Insurable Person
Anyone between 18 to 60 years old is eligible for insurance coverage.
၂။ အသက်တွက်ချက်ပုံ
အာမခံထားသူ၏ အသက်တွက်ချက်ရာတွင် အာမခံထားသူ၏ နောက်လာမည့် မွေးနေ့တွင် ပြည့်မည့်အသက်ကို အာမခံထားသူ၏ အသက်ဟု မှတ်ယူမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အသက်၁၇ နှစ်ပြည်ပြီး သည့် နောက်တနေ့မှစ၍အာမခံအကာအကွယ် ပေးသည့် အသက်ဟု အဓိပ္ပာယ်ဖွင့်ဆိုသွားမည် ဖြစ်ပြီး လာမည့်မွေးနေ့တွင် အသက် ၆၀နှစ် ပြည့် မည်ဆိုပါက လက်ရှိ အသက် ၅၉နှစ် အထက် သည် အာမခံအကာအကွယ် ပေးသည့် အသက်ဟု အဓိပ္ပာယ်ဖွင့်ဆိုသွားမည်ဖြစ်ပါသည်။
သတိပြုရန် - အာမခံထားသူ၏ အသက် ၆၀နှစ် ပြည့်သည့်နေ့၏ ည ၁၂ နာရီ အထိသာ အာမခံ အကာအကွယ် အကျုံးဝင်မည် ဖြစ်ပါသည်။ အကယ်၍ Customer ၏ အသက်သည် လက်ရှိတွင် အသက် ၆၀ ဖြစ်ပါက လာမည့်မွေးနေ့တွင် အသက် “၆၁” နှစ်ပြည့်မည် ဖြစ်သည့်အတွက် ထို Customer သည် ယခုအာမခံအကာအကွယ်တွင် အကျုံးဝင်မည် မဟုတ်ပါ။
2. Calculating age
For purposes of calculating the age of the Insured, the Insured’s age will be reckoned from the Insured’s upcoming birthday. For example, if the Insured is 17 when he/she is covered by this insurance, for purposes of this insurance policy the Insured’s age will be his/her age on his/her upcoming birthday (i.e. 18). In other words, age calculation is based on upcoming birthday age. The customer’s upcoming birthday age is defined as insurance coverage issue age. For example - if the age is above 17 then the upcoming birthday age is “18” and age “18” will be defined as insurance coverage issue age and if the age is above 59 then the upcoming birthday age is “60” and age “60” will be defined as insurance coverage issue age.
Notice - The insurance coverage will only be valid until 12 AM on the day the insured person turns 60 years old. If customer’s age is 60 then upcoming birthday age will be “61”, this customer is not eligible for insurance coverage.
၃။ အာမခံသက်တမ်း
ဒေတာဝယ်ယူသည့်နေ့မှစ၍ ၁၅ ရက်တာ အာမခံသက်တမ်း ဖြစ်ပါသည်။
3. Period of insurance
It is 15 days period starting from the date of data purchase.
၄။ အကာအကွယ်ပေးမည့်ဖြစ်ရပ်
ဤအာမခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဆေးရုံတက်ကုသမှုခံယူခြင်း သို့မဟုတ် သေဆုံးခြင်းဖြစ်ရပ်တွင် အသေးစားကျန်းမာရေးအကာအကွယ်ကို ခံစားခွင့်ရှိမည်ဖြစ်သည်။
4. Place of coverage
Insurance only provides micro health coverage in case of hospitalization or death within the Republic of the Union of Myanmar.
၅။ ရပ်ဆိုင်းခြင်း
· အာမခံအကာအကွယ်ကို အာမခံသက်တမ်းကုန်ဆုံးပြီးနောက် ရပ်ဆိုင်းမည်ဖြစ်သည်။
· အာမခံကုမ္ပဏီမှ သေဆုံးခြင်းအကျိုးခံစားခွင့်ကို ပေးချေပြီးနောက် အာမခံအကာအကွယ် ရပ်ဆိုင်း မည်ဖြစ်သည်။
5. Termination
· Insurance coverage will terminate after the period of insurance.
· After the insurance company has compensated death benefit, insurance coverage will be
terminated.
၆။ အကျိုးခံစားခွင့်ရှိသူ
· အကျိုးခံစားခွင့်ရှိသူ ဖောင်လင့်ခ်ကို ပေးထားမည် ဖြစ်ပါသည်။ အာမခံထားသူသည် အကျိုးခံစားခွင့်ရှိသူတစ်ဦးကို
သတ်မှတ်ပေးရန် လိုအပ်ပါသည်။
· အာမခံထားသူသည် အကျိုးခံစားခွင့်ရှိသူကို တစ်ကြိမ်ထက်ပို၍ အဆိုပြုသတ်မှတ်နိုင်သော်လည်း
နောက်ဆုံးအဆိုပြုထားသောသူသာ အကျိုးခံစားခွင့်များတောင်းခံရန် အကျုံးဝင်မည် ဖြစ်ပါသည်။
· ဆေးရုံတက်ရောက်ခြင်း အကာအကွယ်အတွက် အကျိုးခံစားခွင့်ကို အာမခံထားသူ/ အကျိုးခံစားခွင့်ရှိသူက
တောင်းခံနိုင်မည် ဖြစ်ပါသည်။
· သေဆုံးခြင်း အကာအကွယ်တွင် အာမခံထားသူ သေဆုံးသွားသောအခါ သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ကို
၎င်း၏ အကျိုးခံစားခွင့်ရှိသူက တောင်းခံနိုင်မည် ဖြစ်ပါသည်။
· အာမခံအကာအကွယ်ကို အဆိုပြုသတ်မှတ်ခံရသော အကျိုးခံစားခွင့်ရှိသူက မတောင်းခံနိုင်ပါက မြန်မာနိုင်ငံ
အမွေဆက်ခံခြင်းဥပဒေအရ အာမခံထားသူ၏ အမွေဆက်ခံခွင့်ရှိသူများက အာမခံအကာအကွယ်ကို
တောင်းခံနိုင်မည် ဖြစ်ပါသည်။
6. Beneficiary
· Beneficiary form link will be provided. Insured will need to nominate a person as beneficiary.
· Insured can nominate a beneficiary more than once, but the latest nominated beneficiary will be
the eligible person to get the claims.
· For hospitalization coverage, the benefit can be claimed by the insured/beneficiary.
· For death coverage when the insured passed away, the death benefit can be claimed by his/her
beneficiary.
· If the nominated beneficiary will not be able to claim the insurance coverage, the insurance
coverage can be claimed by the heirs of the insured according to Myanmar law of inheritance.
၇။ ဆရာဝန်နှင့် ဆေးရုံ
· အာမခံထားသူကို ကုသပေးသည့် ဆရာဝန်သည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြု
ထုတ်ပေးထားသော ဆေးကုသခွင့်လိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
· အာမခံထားသူက တက်ရောက်၍ ဆေးကုသမှုခံယူသည့် ဆေးရုံသည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ
တရားဝင် အသိအမှတ်ပြု ထုတ်ပေးထားသော လိုင်စင်ရှိရမည်။
7. Doctor and Hospital
· The doctor who sees the insured must hold a medical license and certified to practice medicine by
the Myanmar Ministry of Health.
· The hospital in which the insured seeks treatment must be legally accredited and licensed by the
Myanmar Ministry of Health.
· သေဆုံးခြင်းအတွက် အကာအကွယ်- အာမခံထားသူသည် အာမခံသက်တမ်းအတွင်း
မတော်တဆမှုကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ သေဆုံးသွားသည့်အခါ
· ဆေးရုံတက်ရောက်ခြင်းအတွက် အကာအကွယ်- အာမခံထားသူသည်
အာမခံသက်တမ်းအတွင်း မတော်တဆမှုကြောင့်ဖြစ်စေ၊
ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ဆေးရုံတက်ရောက်၍ ကုသမှုခံယူသည့်အခါ
· အာမခံသက်တမ်းအတွင်း ဖြစ်ပေါ်လာသော ရောဂါများ သို့မဟုတ်
မျှော်လင့်မထားသော မတော်တဆမှု တစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာများအတွက်
ကုသမှုခံယူရန် ဆေးရုံတက်ရောက်သည့် အခြေအနေတွင်
အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူက ဆေးရုံတက်ရောက်သည့် (၃) ရက်မြောက်နေ့မှစ၍ ဆေးရုံတက်ရောက်ခြင်းအတွက် အကျိုးခံစားခွင့်ကို တောင်းခံနိုင်ပါသည်။ ဥပမာ- သင်သည် ဩဂုတ်လ ၁ ရက်နေ့တွင် Package ဝယ်ယူထားပြီး ဩဂုတ်လ ၆ ရက်နေ့တွင် ဆေးရုံတက်ရပါက ဩဂုတ်လ ၈ ရက်နေ့မှစပြီး အကျိုးခံစားခွင့်ကို စတင်တောင်းခံနိုင်မည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ- သင်သည် အနည်းဆုံး (၂) ရက် ဆေးရုံတက်ရောက်ရန် လိုအပ်ပါသည်။)
· အာမခံသည် အာမခံထားသူ၏ သဘောဆန္ဒအရ ဆေးရုံတစ်ခုခုတွင် ကျန်းမာရေး
ဆေးစစ်ခြင်း (Medical Checkup) ပြုလုပ်ခြင်းကို အကာအကွယ်ပေးမည်
မဟုတ်ပါ။ ယခုအာမခံအကျိုးခံစားခွင့်သည် ဆေးရုံ၌
ဆေးကုသမှုခံယူခြင်းအတွက်သာ ရည်ရွယ်ပါသည်။
· ဆေးရုံတက်ရက်များကို တွက်ချက်ရာတွင် ဆေးရုံစတင်တက်ရက်နှင့်
ဆေးရုံဆင်းသည့်ရက်ကို တစ်ရက်အဖြစ်သာ တွက်ချက်သွားမည် ဖြစ်ပါသည်။
· Death coverage - when the insured passes away because of accident or
disease within the insurance period.
· Hospitalization coverage – when the insured is hospitalized because of
accident or disease within the insurance period.
· In case of hospitalization to get treatment for diseases or injuries caused
by any unexpected accident within the insurance period, the
insured/beneficiary is permitted to claim the hospitalization benefit
starting from day 3 of the hospitalization. For example if you buy the
package on August 1, and you are admitted to hospital on August 6,
then you can start claiming benefit from August 8 (i.e. you need to stay
in hospital for at least 2 days).
· Insurance does not cover medical checkup at any hospital according to
the will of the insured; this insurance benefit is meant only for medical
treatment at the hospital.
· In calculating hospitalizing days, not only starting date of hospitalization
but also discharge date will be calculated as one day.
၉။ အကျိုးခံစားခွင့်အကျုံးမဝင်သောအချက်များ
ဤအာမခံသည် အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဆေးရုံတက်ရောက်ခြင်း၊ သို့မဟုတ် သေဆုံးခြင်းတို့အတွက် အကာအကွယ်ပေးမည် မဟုတ်ပါ။
· အာမခံမစတင်ခင် အချိန်ကတည်းက ဆေးကုသမှုခံယူနေခြင်း သို့မဟုတ် အာမခံမစတင်ခင် အချိန်ကတည်းက
ရှိပြီးသားရောဂါလက္ခဏာများကို ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊
· သားဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှုနှင့် ကိုယ်ဝန်ကြောင့် ဆေးရုံတက်ရခြင်း၊
· သားသမီးရယူလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း၊
· ဆေးရုံ/ဆေးခန်းပြသခြင်း၊
· ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း၊
· မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း၊
· မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်စိနှင့်ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း၊
· အလှအပအတွက်ဖြစ်ခြင်း၊ ခွဲစိတ်ပြုပြင်ခြင်း၊ ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခြင်း၊
· နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်း၊
· ကိုယ်ခန္ဓာချို့ယွင်းခြင်း သို့မဟုတ် မသန်စွမ်းခြင်း၊
· မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
· စိတ်ဝေဒနာ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊
· ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများ သို့မဟုတ် ရောဂါများကို ဆေးကုသခြင်း၊
· AIDS/HIV ဖြစ်ခြင်း၊
· အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့် စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊
စစ်တပ် သို့မဟုတ် အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ အဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက်သော်လည်းကောင်း၊
သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊
အခြေခံသော၊ အားပေးသော ဆုံးရှုံးခြင်း၊ ပျက်စီးခြင်းများ၊
· မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း၊
· လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
9. Exclusion of Benefits
This insurance does not cover injuries, diseases, surgery, hospitalization, or death which is directly or indirectly related to the following conditions;
· Medical treatment that started prior to start of the insurance or medical treatment that was
approved by a medical doctor prior to start of the insurance based on prior disease symptom.
· Delivery, miscarriage, surgery and hospitalization due to pregnancy.
· Hospitalizing and undergoing operation for getting children purpose
· Outpatient treatments
· Medical check-up and hospitalized for taking rest purpose
· Dental treatments apart from accidental injuries
· Eye treatments apart from accidental injuries
· For beauty purpose/ cosmetic/plastic surgery
· Hearing treatment
· Physical defects or infirmity
· Drug abuse
· Psychosis, mental disorders
· Medical treatments to injury or diseases caused by committing crimes
· AIDS/HIV
· Losses, damages which are supported, based on and arisen from near or far distance, directly or
indirectly caused by strikes, riots, civil commotions, war and transformation of war (hostilities, wage
war, military or coup)
· Suicide or hurting oneself
· Fraudulent claims
၁၀။ အကျိုးခံစားခွင့်တောင်းခံခြင်း
· အာမခံထားသူ/ အကျိုးခံစားခွင့်ရှိသူသည် အာမခံသက်တမ်း၏ ၃ ရက်မြောက်နေ့မှ စတင်၍
အကျိုးခံစားခွင့်တောင်းခံနိုင်မည် ဖြစ်ပါသည်။ သို့သော် အာမခံထားသူ/ အကျိုးခံစားခွင့်ရှိသူသည် အလိုအလျောက်
သက်တမ်းတိုး အစီအစဉ်ကို (Subscribe) ရယူထားပါက နောက်ဆက်တွဲ အာမခံသက်တမ်း၏ ၁ ရက်နေ့မှ
စတင်၍ အကျိုးခံစားခွင့်တောင်းခံနိုင်မည် ဖြစ်ပါသည်။
· အာမခံထားသူအနေဖြင့် ဆေးရုံတက်ရောက်ရပါက အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူက
အာမခံအကျိုးခံစားခွင့်ကို ဆေးရုံတက်ရောက်သည့်ရက်မှစပြီး ၁ လအတွင်း တောင်းခံရပါမည်။
· သေဆုံးခြင်းအတွက်မူ အကျိုးခံစားခွင့်ရှိသူသည် အာမခံအကျိုးခံစားခွင့်ကို သေဆုံးသည့်ရက် မှစပြီး ၁ လအတွင်း
တောင်းခံရပါမည်။
· လျော်ကြေးတောင်းခံသည့်အခါ အာမခံထားသူ/ အကျိုးခံစားခွင့်ရှိသူသည် အာမခံအကျိုးခံစားခွင့်ကို
တောင်းခံနိုင်ရန်အတွက် အောက်ဖော်ပြပါ သတ်မှတ်ထားသော စာရွက်စာတမ်းများကို တင်ပြရန် လိုအပ်ပါသည်။
- အကျိုးခံစားခွင့်တောင်းခံလွှာ (အကျိုးခံစားခွင့် တောင်းခံလွှာလင့်ခ်ကို ပေးထားမည် ဖြစ်ပါသည်။)
- အာမခံထားသူ သေဆုံးသွားပါက သေဆုံးကြောင်းထောက်ခံစာ (အကျိုးခံစားခွင့်တောင်းခံလွှာတွင် ပူးတွဲတင်ပြရန်)
- ဆေးရုံတက်သည့်ကာလကို ဖော်ပြထားသော ဆေးကုသမှုမှတ်တမ်း (အကျိုးခံစားခွင့်တောင်းခံလွှာတွင်
ပူးတွဲတင်ပြရန်)
· အာမခံကုမ္ပဏီသည် ဆေးရုံတက်ခြင်း/သေဆုံးခြင်း အကြောင်းအရင်းကို စီစစ်သွားမည် ဖြစ်ပါသည်။
· အာမခံထားသူ/ အကျိုးခံစားခွင့်ရှိသူအား ထပ်မံလိုအပ်သော အချက်အလက်များကို တောင်းခံသည့်အခါ
တင်ပြနိုင်ခြင်းမရှိပါက အာမခံအကျိုးခံစားခွင့်များကို ဆုံးရှုံးမည် ဖြစ်ပါသည်။
· အာမခံထားသူမှ SIM ကဒ်မှတ်ပုံတင်ထားစဉ်အတွင်း ဖြည့်ထားသော အချက်အလက်များ (အမည်၊
မွေးနေ့သက္ကရာဇ်၊ မှတ်ပုံတင်အမှတ်)တို့မှာ မှန်ကန်မှုမရှိခြင်း၊ ထိန်ချန်ခြင်း၊ အာမခံထားသူ၏
တမင်ရည်ရွယ်ချက်ဖြင့် လိမ်လည်ခြင်း သို့မဟုတ် လွဲမှားခြင်း စသည်တို့ ဖြစ်ပေါ်ပါက အာမခံအကျိုးခံစားခွင့်များ
ကို ဆုံးရှုံးမည် ဖြစ်ပါသည်။
10. Claim
· The insured/beneficiary is entitled to claim starting from day 3 of the insurance period. However, if
the insured/beneficiary subscribes to the auto-renewal program, he/she will be entitled to claim
starting from day 1 of the subsequent insurance period.
· In terms of the insured, if he or she is hospitalized, insured/beneficiary must claim the insurance
benefit within 1 month starting from the date of hospitalization.
· For death, the beneficiary must claim the insurance benefit within 1 month starting from the date of
death.
· At the time of claim, theinsured/beneficiary is required to submit the following specified documents
in order to claim insurance benefit:
- Claim form (claim form link will be provided)
- Death certificate if insured passed away (to attach in claim form)
- Medical treatment record book mentioning hospitalization period (to attach in claim form)
· The insurance company will scrutinize the cause of hospitalization/death.
· If insured/beneficiary is asked to provide necessary additional requirements but is not able to, then
the insurance benefits will be voided.
· If the information (Name, Date of Birth, NRC – during sim registration) provided by insured is
incorrect, omitted or fraudulent because of the insured’s intention or carelessness, the insurance
benefits will be voided.
Copyright © 2019 KBZMS - All Rights Reserved.