မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)မှ အစပြုကာ “မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော စိုးရိမ်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ပြန်ချက်” ကို KBZMS မှ ထောက်ခံရပ်တည်
KBZMS endorses “Statement by Concerned Businesses Operating in Myanmar” initiated by MCRB
လက်ရှိ မြန်မာပြည်သူများ တွေ့ကြုံနေကြရသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖော်ပြထားသည့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ အစပြုကာ ထုတ်ပြန်ထားချက်ကို ထောက်ခံရပ်တည်သည့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော နိုင်ငံစုံစီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံ ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် KBZMS အနေဖြင့် ပူးပေါင်းပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ KBZMS အနေဖြင့် ယခုကာလတစ်လျှောက်လုံးတွင် မြန်မာနိုင်ငံသားများအတွက် မှန်ကန်သင့်လျော်သော အာမခံဖြေရှင်းနည်းများကို ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ လုပ်ငန်းဖော် စီးပွားဖက်များနှင့် အားပေးသူ Customer များ၏ ရပိုင်ခွင့်နှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကျွန်ုပ်တို့၏ လုပ်ငန်း ဆောင်တာများကိုလည်း ထိုနည်းဟန်များအတိုင်း သေချာစွာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
KBZMS has joined multinational and Myanmar businesses operating in Myanmar in endorsing the statement initiated by the Myanmar Centre for Responsible Business addressing the business and human rights challenges that Myanmar people are facing.
KBZMS remains committed to providing the right insurance solutions to the people of Myanmar throughout this period. At the same time, we will ensure all our operations are carried out in such manner as to ensure the safety and rights of our employees, business partners and customers.
MCRB ၏ ထုတ်ပြန်ချက် အပြည့်အစုံ အောက်တွင် ဖတ်ရှုနိုင်ပါသည်။
Read the full MCRB statement here:
မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသော ကျွန်ုပ်တို့ ကုမ္ပဏီများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်သည့်အချိန်မှစတင်၍ မြန်မာနိုင်ငံ၏ အခြေအနေကို စိုးရိမ်ကြီးစွာဖြင့် စောင့်ကြည့်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ရင်းနှီးမြုပ်နှံမှုများ၊ လုပ်ငန်းလည်ပတ်မှုများ၊ ဒေသတွင်းမိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုများမှတဆင့် သိန်းနှင့်ချီသော ပြည်တွင်း အလုပ်အကိုင်များစွာ အတွက် ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုထောက်ပံ့ပေးသူများ (suppliers) ၏ ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုနှင့် အေးချမ်းသာယာမှုသည် ကျွန်ုပ်တို့အတွက် အဓိက စိုးရိမ်စိတ်ဖြစ်မိသော အချက်ဖြစ်ပါသည်။ ယခုရက်များတွင် လုပ်ငန်းများလည်ပတ်ရာ၌ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုရှိစေရေး၊ မြန်မာပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် - အစားအစာ နှင့် သောက်ဖွယ်ရာများ သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ကုန်ထုတ်လုပ်မှု သော်လည်းကောင်း - အခြေအနေနှင့် လိုက်လျောညီထွေ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ဝန်ထမ်းများနှင့် မြန်မာပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ကိုလည်း လေးစားခဲ့ပါသည်။
ကျွန်ုပ်တို့ ရင်းနှီးမြုပ်နှံသူများအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူတို့နှင့်အတူ “shared space” တွင်အတူရှိနေပြီး - လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့် နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် - တရားဥပဒေစိုးမိုးရေး - တို့အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း နှင့် အခြေခံလွတ်လပ်ခွင့်တို့မှ ကျွန်ုပ်တို့အားလုံးအတွက် အကျိုးကျေးဇူးများရရှိပါသည်။ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု နှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုတို့သည် တည်ငြိမ်သော စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် အတွက် အထောက်အကူဖြစ်စေပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်း ပွင့်လင်းမြင်သာမှု၊ အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ပင်မ သဘောတူစာချုပ်များ နှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights) နှင့်အညီ လုပ်ငန်းများအား လုပ်ဆောင်ရန် အမြဲတစေ ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ယင်းတို့တွင် လူ့အခွင့်အရေးကို စဥ်ဆက်မပြတ် လေးစားလိုက်နာခြင်း၊ စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ်ဖြောင့်မှန်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်း (business integrity) နှင့် စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်ပေါ်နိုင်သော သက်ရောက်မှုများကို ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်တားဆီးခြင်း (due diligence)၊ သက်ဆိုင်ရာ ပိတ်ဆို့မှုများ (sanctions) ကို လေးစားလိုက်နာခြင်းအပြင် US Foreign Corrupt Practices Act (FCPA)၊ UK Anti-Bribery Act၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများ ကိုလေးစားလိုက်နာခြင်းတို့လည်းပါဝင်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ ကျွန်ုပ်တို့နှင့် သဘောထားတူ၊ ချဥ်းကပ်မှုပုံစံတူသော အခြားသော ပြည်တွင်းမိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့်လည်း ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများ တည်ရှိနေခြင်း၊ လုပ်ငန်းဆောင်ရွက်ပုံ အလေ့အထများ နှင့် စီးပွားရေးလုပ်ငန်းအားလုံး အခွင့်အရေးတပြေးညီ ရရှိရန်(level playing field) အတွက် စည်းရုံးလှုံ့ဆော်ခြင်း (advocacy) တို့နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှန်းများအပေါ် ကျွန်ုပ်တို့၏ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ ပွင့်လင်းမှုရှိသော ဒီမိုကရေစီခရီး အတွက် အထောက်အကူပြုသည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် မြန်မာပြည်သူများအတွက် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။ လက်ရှိအခြေအနေအား ဖြေရှင်းနိုင်ရန် ဆွေးနွေးညှိနှိုင်းမှု နှင့် ပြန်လည်ပေါင်းစည်းရေး တို့ကိုအခြေခံသော ပြည်သူ့ဆန္ဒ၊ အကျိုးစီးပွား နှင့်ကိုက်ညီသည့် အဖြေအား အလျင်အမြန် ရရှိရန် မျှော်လင့်ပါသည်။
Our companies, as investors in Myanmar, have watched with growing and deep concern the developments in Myanmar since the declaration of a state of emergency on 1st February.
Through our investments, operations, local partnerships and products, we support over a hundred thousand local jobs. The safety, security and wellbeing of our employees and those employed by our suppliers remains our primary concern. In recent days, we have sought to adapt our operations to ensure the safety of our employees and the provision of essential services to the Myanmar people – whether food and drink, electricity, telecommunications, financial services, logistics, healthcare or manufacturing - while respecting the individual rights to freedom of expression of our employees and the people of Myanmar.
As investors, we inhabit a ‘shared space’ with the people of Myanmar, including civil society organisations, in which we all benefit from respect for human rights, democracy and fundamental freedoms – including freedom of expression and association - and the rule of law. The rule of law, respect for human rights, and the unrestricted flow of information all contribute to a stable business environment.
We have always sought to operate in Myanmar transparently, and in line with core ILO Conventions and the UN Guiding Principles on Business and Human Rights. This includes undertaking ongoing human rights and wider business integrity due diligence, and complying with applicable sanctions, as well as the US Foreign Corrupt Practices Act (FCPA), the UK Anti-Bribery Act and Myanmar anti-bribery laws.
We will also continue to work hand in hand with local business partners which share the same approach. We believe our business presence, practices, and advocacy for a level playing field for all businesses, and our commitment to international human rights standards contribute in a significant way to the journey of openness and democracy in Myanmar.
We remain committed to our employees and to the people of Myanmar. We hope to see a swift resolution of the current situation based on dialogue and reconciliation in accordance with the will and interests of the people of Myanmar.
- English version: https://www.myanmar-responsiblebusiness.org/news/statement-concerned-businesses.html
- Myanmar version: https://www.myanmar-responsiblebusiness.org/mm/news/statement-concerned-businesses.html
KBZMS အထွေထွေအာမခံ ကုမ္ပဏီလီမိတက်သည် ကမ္ဘောဇအထွေထွေအာမခံကုမ္ပဏီနှင့် ဂျပန်နိုင်ငံ၏ အာမခံကုမ္ပဏီကြီးဖြစ်သည့် Mitsui Sumitomo Insurance (MSI) တို့ ပူးပေါင်းလုပ်ကိုင် လျက်ရှိသော ကုမ္ပဏီဖြစ်သည်။ ၂၀၁၂ခုနှစ်၊ဇွန်လတွင် IKBZ အာမခံကုမ္ပဏီလီမိတက်အမည်ဖြင့်စတင်တည်ထောင် ခဲ့ပြီး ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် MSI နှင့် ဖက်စပ်လုပ်ငန်းအဖြစ်သို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် KBZMS အထွေထွေအာမခံကုမ္ပဏီလီမိတက်အဖြစ် အမည်ပြောင်းလဲလုပ်ကိုင်ခဲ့သည်။
KBZMS General Insurance Company Limited is a joint venture between KBZ GI Holding Company with Japanese insurance giant Mitsui Sumitomo Insurance (MSI). Established in June 2012 under the name of IKBZ Insurance Co. Ltd., the company entered into a joint venture with MSI and took on the new name of KBZMS General Insurance Co Ltd in November 2019.
Copyright © 2019 KBZMS - All Rights Reserved.