KBZ MS
KBZ MS
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure
  • More
    • Home
    • About Us
    • Our Products
    • Corporate Governance
    • News
    • Brochures
    • CSR
    • FAQs
    • Contact Us
    • Career
    • Claim Procedure
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure

Corporate Social Responsibility

IKBZ အာမခံလုပ်ငန်း၏ (၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Lesswalk.org နှင့်ပူးပေါင်း

IKBZ အာမခံလုပ်ငန်း၏ (၆) နှစ်ပြည့်  အထိမ်းအမှတ်အဖြစ်  ပြည်တွင်းပရဟိတအဖွဲ့အစည်းဖြစ်သည့် Lesswalk  နှင့်ပူးပေါင်း၍ ခရီးအကွာအဝေးကြောင့် ကျောင်းတက်ရန်အခက်အခဲရှိသော  မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ကျောင်းသူ၊  ကျောင်းသားများအတွက် စက်ဘီးအစီးရေ ၁,၀၀၀ လှူဒါန်းမည် ဖြစ်ပါသည်။

ယင်းကဲ့သို့လှူဒါန်းရာတွင် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ကျောင်းသူ၊  ကျောင်းသားလေး များသည် ကျောင်းသို့ လမ်းလျှောက်သွားရန်အတွက် ၁ နာရီ  သို့မဟုတ် ၁ နာရီထက်ပို၍ အချိန်ယူကြရသည်။  စက်ဘီးဖြင့်သွားရောက်ခြင်းအားဖြင့် တန်ဖိုးရှိသောအချိန်များကို သက်သာစေပြီး  လေ့လာသင်ယူမှုများကို ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့်  ကျောင်းနောက်ကျခြင်း နှင့် ကျောင်းထွက်ရခြင်း စသည်တို့ကိုလည်း  လျော့နည်းသွားစေနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်ပါသည်။

Lesswalk တည်ထောင်သူ၊ ဦးမိုက်ခ်သန်းထွန်းဝင်းမှ- “IKBZ ကဲ့သို့  တာဝန်သိတတ်သော ကုမ္ပဏီနှင့်အတူ လက်တွဲလုပ်ဆောင်ရသည့်အတွက်  လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ပညာရေးအတွက် မှန်ကန်သော လမ်းကြောင်းကို  ဆက်လက်လျှောက်လှမ်းနိုင်ရန် ကျေးလက်ဒေသရှိကျေးရွာများမှ လိုအပ်နေသော  ကျောင်းသားများကို အဓိကပန်းတိုင်များမှ တစ်ခုဖြစ်ကြောင်းနှင့် ထိုကဲ့သို့  ပူးပေါင်းပါဝင်လုပ်ဆောင်မှုသည် ၎င်းတို့၏ လူနေမှုဘ၀အရည်အသွေးကို သိသိသာသာ  တိုးတက်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။

IKBZ ၏ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့် မှလည်း “ပညာရေးသည်  အနာဂတ်မြန်မာနိုင်ငံတော်တွင် အရေးကြီးဆုံး ကိစ္စရပ်တစ်ခုဖြစ်တာကြောင့်  အာမခံလုပ်ငန်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ လူမှုဘ၀ အရည်သွေးများ  တိုးတက်စေရန်အတွက် Lesswalk နှင့်အတူ ပူးပေါင်းဆောင်ရွက်ရခြင်း  ဖြစ်ပါကြောင်းနှင့် IKBZ ၏ အလေးထားတန်ဘိုးထားသော အရာများဖြစ်ကြသည့် မေတ္တာ၊  သတ္တိ နှင့် ၀ီရိယ တို့ကိုအခြေခံ၍ အာမခံလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို  ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း” - နိဂုံးချုပ် ပြောကြားခဲ့ပါသည်။

IKBZ အာမခံလုပ်ငန်းမိသားစု စုပေါင်းမဟာဘုံကထိန်အလှူ

(၃.၁၁.၁၉)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံ ကုမ္ပဏီလီမိတက်  ၀န်ထမ်းမိသားစု၏  ဒုတိယအကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ နေနတ်သားစာသင်တိုက်တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမအကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာကိုလည်း  (၁၈.၁၁.၁၈) ရက်နေ့က အောင်မြင်စွာကျင်းပခဲ့ပါသည်။

ဉီးသန့်အောက်မေ့ဖွယ် အခမ်းအနား

KBZMS အာမခံမိသားစုမှ ဉီးသန့်အိမ်တွင် ပြုလုပ်ကျင်းပသော  ဉီးသန့်အောက်မေ့ဖွယ် အခမ်းအနား၌ ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်  အမေရိကန် dollar $10,000 USD တိတိကို လေးစားဂုဏ်ယူစွာဖြင့်လှူတန်းခဲ့ပါသည်။  KBZMS အာမခံမိသားစုသည် ၂၂ ရက်နေ့ January 2020 တွေကျရောက်သည့် ဉီးသန့်၏  ၁၁၁ နှစ်မြောက် မွေးနေ့နှစ်ပတ်လည်ကို အောက်မေ့သောအားဖြင့် ဉီးသန့်၏  သဘောထားဖြစ်သည့် '' Education for Peace'' ဆိုသည့် ဆောင်ပုဒ်ကို  အားပေးထောက်ခံလျက် အနာဂတ် ပညာရေးတိုးတက်မှုဆိုင်ရာ အစီအစဉ်များအတွက်  လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။  

Copyright © 2019 KBZMS - All Rights Reserved.

  • Claim Procedure