ကျွန်ုပ်တို့၏ အသေးစားကျန်းမာရေးအာမခံ (Micro Health Insurance) သည် ဆေးရုံတက်ရသည့်အခါတွင် သို့မဟုတ် သေဆုံးသည့်အခါတွင် အသေးစားကျန်းမာရေး အကာ အကွယ် ပေးအပ်မည်ဖြစ်ကာ သင်နှင့် သင်ချစ်ရသူများကို သက်သာသော နှုန်းထားနှင့်အတူ အာမခံအကာအကွယ် ပေးအပ်သွားမည် ဖြစ်ပါသည်။ ၎င်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF)၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ လက်ရှိတွင် လက်ခံဆောင်ရွက်လျက်ရှိသော အသေးစားကျန်းမာရေး အာမခံပေါ်လစီ ဖြစ်ပါသည်။ ဤအသေးစားကျန်းမာရေးအာမခံ၏ ရည်ရွယ်ချက်မှာ အများဝယ်ယူရန် တတ်နိုင်မည့်နှုန်းထားနှင့် ကျန်းမာရေးအကာအကွယ် ပေးစွမ်းနိုင်ရန်ဖြစ်ပြီး အာမခံအကာအကွယ်များအပေါ် ပိုမိုစိတ်ဝင်စားမှု ရှိလာစေရန် ရည်ရွယ်ပါသည်။
Our micro health insurance will cover you and your loved ones at an affordable price, providing micro health coverage in case of hospitalization or death. It is our micro health insurance policy which is currently being carried out in accordance with the instruction of Insurance Business Regulatory Board (IBRB) under Ministry of Planning and Finance (MOPF). The objective of this micro health insurance is to provide health protection at an affordable rate and to make insurance protection more appealing.
Copyright © 2019 KBZMS - All Rights Reserved.