ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
၁။ အသက် (၁၆) နှစ်မှ အသက် (၆၅) နှစ် အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူတိုင်း အာမခံဝယ်ယူထားရှိနိုင်သည်။
၂။ အသက် (၁၆) နှစ်မှ အသက် (၁၈) နှစ်အထိ အရွယ်မရောက်သေးသူအတွက် မိဘ(သို့မဟုတ်) အုပ်ထိန်းသူက ထားရှိပေးနိုင်သည်။
အာမခံအကျိုးခံစားခွင့်
၁။ အာမခံသက်တမ်းအတွင်း အာမခံထားသူ ထိခိုက်ဒဏ်ရာလျှင်သော်လည်းကောင်း၊ သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသည့် ရာခိုင်နှုန်းများအတိုင်း အကျိုးခံစားခွင့်ရရှိမည်။
၂။ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် အာမခံထားငွေ၏ ၃% ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပြီး အများဆုံးအနေဖြင့် အာမခံထားငွေ၏ ၁၅% ထက်မပိုသော ငွေကြေးအားခံစားခွင့်ရရှိနိုင်မည်။
အာမခံသက်တမ်း
၃လ၊ ၆လ၊ ၁နှစ် သက်တမ်းစသဖြင့် ထားရှိနိုင်ပါသည်။
ပရီမီယံနှုန်းထား
၁။ သာမာန်အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ဝ.၇% ကျသင့်မည်ဖြစ်ပါသည်။
၂။ တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းစသော အန္တရာယ်များသည့် အလုပ်အကိုင်အတွက် ပရီမီယံ ဝ.၇၀၇% ကျသင့်မည်ဖြစ်ပါသည်။
၃။ အာမခံထားငွေ အနည်းဆုံး ကျပ် (၅) သိန်းအတွက် (၁) နှစ်လျှင် ပရီမီယံကြေး (၃,၅၀၀) ကျပ်မှ အများဆုံး ကျပ်သိန်း (၂၀၀) အတွက် ပရီမီယံကြေး (၁၄၀,၀၀၀) ကျပ် ကျသင့်ပါမည်။
အာမခံထားငွေ
အနည်းဆုံး ကျပ် (၅) သိန်းမှ အများဆုံး ကျပ် သိန်း (၂၀၀) အထိ (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၁,၀၀၀) မှ (၂၀၀,၀၀၀) အထိ ထားရှိနိုင်ပါသည်။
Copyright © 2019 KBZMS - All Rights Reserved.