KBZ MS
KBZ MS
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure
  • More
    • Home
    • About Us
    • Our Products
    • Corporate Governance
    • News
    • Brochures
    • CSR
    • FAQs
    • Contact Us
    • Career
    • Claim Procedure
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure

Marine Hull Insurance

ရေယာဉ်ကိုယ်ထည်အာမခံ


မိမိတို့၏ရေယာဉ်များကို မမျှော်လင့်သော သဘာ၀ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပါက နစ်နာဆုံးရှုံးမှု ကို ကာကွယ်မှုရရှိစေရန်အတွက် ရေယာဉ်ကိုယ်ထည်အာမခံကို ထားရှိသင့်ပါသည်။ မြန်မာပြည်တွင်းနှင့် ပြည်ပတွင် ခုတ်မောင်းသွားလာသည့် ရေယာဉ်များ ရေကြောင်းအန္တရာယ်မှ အကာအကွယ်ရရှိစေရန်ဖြစ်ပါသည်။ သံကိုယ်ထည် ရေယာဉ်များကို ရေယာဉ်ကိုယ်ထည်အာမခံ လက်ခံ ဆောင်ရွက်ပေးလျှက်ရှိပါသည်။


ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ


ဤအာမခံအကြောင်းအရာအချက်အလက်များ


အာမခံအကာအကွယ်


(၁)အလုံးစုံအန္တရာယ်အာမခံအကာအကွယ်(AllRisk)
(၂) လုံး၀နစ်မြုပ်ဆုံးရှုံးမှုအကာအကွယ် (Total Loss Only)

လုံး၀ နစ်မြုပ်ဆုံးရှုံးမှုအကာအကွယ် (Total Loss Only) တွင် လုံး၀နစ်မြုပ်ဆုံးရှုံးမှုအကာအကွယ် (Total Loss Only) နှင့် လုံး၀ နီးပါးဆုံးရှုံးမှုအကာအကွယ် (Constructive Total Loss) နှစ်မျိုးစလုံးအတွက် အကာအကွယ်များကို ရရှိမည်ဖြစ်ပါသည်။ All Risk Cover တွင် ယင်းအကာ အကွယ်များအပြင် မြစ်ကြောင်း၊ ပင်လယ် သမုဒ္ဒရာတွင်းဖြစ်သော ဘေးအန္တရာယ်များဖြစ်သည့်

  • မီးလောင်ခြင်း၊      ပေါက်ကွဲခြင်း
  • သင်္ဘောပြင်ပမှ      အဓမ္မခိုးခြင်း
  • သင်္ဘောအပေါ်မှ      ပစ်ချခြင်း
  • ပင်လယ်ဓါးပြ
  • နျူကလီးယား      အဆောက်အဦး (သို့မဟုတ်) အနုမြူဓါတ်ပေါင်းဖို မတော်တဆချို့ယွင်းပျက်စီးမှု
  • လေယာဉ်      (သို့မဟုတ်) အလားတူအရာများနှင့် ထိခိုက်မိခြင်း၊ အပေါ်မှ ကျလာ သောအရာ များနှင့်      ထိခိုက်မိခြင်း၊ သင်္ဘောကျင်း သို့မဟုတ် ဆိပ်ကမ်းမှ ပစ္စည်းကိရိယာများနှင့်      တိုက်မိခြင်း
  • ငလျင်လှုပ်ခြင်း၊      မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲခြင်း
  • ကုန်တင်ကုန်ချခြင်း၊      ကုန်များပြောင်းရာ၌ ထိခိုက်ခြင်းကြောင့် ပျက်စီးခြင်း
  • ဘွိုင်လာများပေါက်ကွဲခြင်း၊      ကျိုးကျခြင်း နှင့် စက်နှင့် ရေယာဉ်ကိုယ်ထည်တွင် တည်ဆောက်မှု      မှားယွင်းခြင်းကြောင့် ပျက်စီးခြင်း
  • သင်္ဘောသား၊      ကပ္ပတိန်နှင့် အရာရှိများ ပေါ့ဆမှားယွင်းမှုကြောင့် ပျက်စီးခြင်း
  • ငှားရမ်းအသုံးပြုသူများ      (သို့) ပြင်ဆင်သူများ၏ ပေါ့ဆမှုကြောင့် ပျက်စီးခြင်း
  • သင်္ဘောအရာရှိ၊      သင်္ဘောသားများ ပုန်ကန်လျက် သင်္ဘောအပိုင်စီးမှုကြောင့် ပျက်စီးမှုများ

အားလုံးသော အကြောင်းအရာများတွင် သင်္ဘောပိုင်ရှင်၏ ပေါ့ဆမှုမပါစေရ။


အာမခံထားနိုင်သူများ


  • ရေယာဉ်ပိုင်ရှင်      ၊ အဖွဲ့အစည်း
  • ရေယာဉ်ကိုယ်ထည်ကို      ငှားရမ်းသုံးစွဲသူ၊ အဖွဲ့အစည်း


အာမခံသက်တမ်း


  • ခရီးတစ်ခေါက်
  • ၁နှစ်      (ပရီမီယံပေးသွင်းသည့်ရက်နေ့မှစ၍ တစ်နှစ်)

ပရီမီယံနှုန်းထား


· ရေယာဉ်အမျိုးအစား၊ အသုံးပြုပုံ၊ ရေယာဉ်ခုတ်မောင်းသည့်လမ်းကြောင်းတို့ အပေါ်မူတည်၍ သက်မှတ်ထားသော နှုန်းထားအလိုက် ပရီမီယံတွက်ချက်ပါသည်။

  

အပိုအကာအကွယ်
War, Strike, Malicious acts and Nuclear exclusion များအတွက် အကာကွယ်တစ်မျိုးမျိုးကို ပူးတွဲထားလိုပါက ကျသင့်ပရီမီယံ၏ ၀.၅၀% ထပ်မံကောက်ခံမည်ဖြစ်ပါသည်။


တံဆိပ်ခေါင်းတန်ဖိုး


အာမခံထားငွေကျပ် ၁ သိန်းလျှင် ကျပ် ၁၀/-နှုန်း


ပရီမီယံကြေးပေးသွင်းခြင်း


ပရီမီယံနှင့်တကွ တံဆိပ်ခေါင်းဘိုးကို တစ်ကြိမ်တည်းပေးသွင်းရန်ဖြစ်ပါသည်။


အကျိုးခံစားခွင့်များ


မိမိတို့၀ယ်ယူထားသော အာမခံ အမျိုးအစားအလိုက် ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်အခြေခံ၍ အကျိုး ခံ စား ခွင့်များကို ရရှိစေမည်ဖြစ်ပါသည်။


မည်သို့အာမခံထားရှိရမည်နည်း


ဤ ကုန်စည်ပို့ဆောင်ရေးအာမခံ ထားရှိလိုလျှင် IKBZ ၀န်ထမ်း (သို့) IKBZ အာမခံ ကိုယ် စား လှယ် များနှင့် ဆက်သွယ်၍ အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

  • အဆိုလွှာဖြည့်စွက်ခြင်း
  • ရေယာဉ်တန်ဖိုး      အထောက်အထား (ရာဖြတ်အစီရင်ခံစာ)
  • ရေယာဉ်ဓါတ်ပုံ      (ရှေ့၊ နောက်၊၀ဲ၊ ယာ၊ အင်ဂျင်ခန်း)
  • ရေယာဉ်လိုင်စင်မိတ္တူ
  • သက်တမ်းအကျုံး၀င်ရေယာဉ်ပို့ဆောင်ခွင့်လိုင်စင်မိတ္တူ
  • သက်တမ်းအကျုံး၀င်လုပ်ငန်းလိုင်စင်မိတ္တူ
  • Load Line      Certificate
  • ရေယာဉ်မှူး၏      လိုင်စင်မိတ္တူ/ ကိုယ်ရေးရာဇ၀င်အကျဉ်းချုပ်
  • စက်ခန်းအုပ်လိုင်စင်မိတ္တူ
  • မျက်မြင်စစ်ဆေးချက်အစီရင်ခံစာ

အကယ်၍ အာမခံထားရန်အတွက် အကူအညီ လိုအပ်ခဲ့ပါလျှင် ကျွနု်ပ်တို့ IKBZ ၀န်ထမ်းများနှင့် ကိုယ်စားလှယ်များက အခမဲ့ ၀န်ဆောင်မှုပေးရန် အသင့်ရှိပါသည်။

မည်သို့လျှော်ကြေးတောင်းခံရမည်နည်း

လူကြီးမင်းအနေဖြင့် ကျွနှု်ပ်တို့ထံသို့ချက်ခြင်းအကြောင်းကြားပေးရန်သာရှိပါမည်။ IKBZ ရုံး (သို့) IKBZ ကိုယ်စားလှယ် (သို့) IKBZ ၀န်ထမ်းတစ်ဦးဦးမှ လျော်ကြေးကိစ္စလျင်မြန်စေရေးအတွက် လိုအပ် ချက် များကိုိုင်း၀န်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ 

image67

Copyright © 2019 KBZ MS - All Rights Reserved.

  • Claim Procedure

Powered by GoDaddy Website Builder