မီးနှင့်တွဲဖက်ဘေးအန္တရာယ်များ အာမခံ
ဘဝတစ်လျှောက်တွင် အံ့သြစရာများ၊ ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်မှာ မလွဲပေ။ အချို့မှာ သာယာပျော်ရွှင်ဖွယ်ဖြစ်သော်လည်း အချို့မှာထိုသို့မဟုတ်ချေ။ မီးနှင့်တွဲဖက်ဘေးအန္တရာယ် များကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် သင့်ဘဝအိပ်မက်များကို ဖျက်ဆီးပစ်နိုင်ပါသည်။ ထိုအခါကြီးမားသော ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှာ သင့်ပခုံးပေါ်သို့ ကျရောက်လာ ပေမည်။ သို့ဖြစ်၍ ယင်းအခြေအနေမှ ကျော်လွှားနိုင်ပြီး သင့်လုပ်ငန်းများကို အခက်အခဲမရှိထိန်းချုပ်ဆောင်ရွက်သွားနိုင်ရေးအတွက် ကျွန်ပ်တို့ IKBZ မှ ရဲရဲကြီး အထောက်အကူပြုပေးနိုင်ပါသည်။
ထိုကြောင့် IKBZ မှ တာဝန်ယူပေးမည့် မီးနှင့်တွဲဖက်ဘေးအန္တရာယ်များ အာမခံပေါ်လစီဖြင့် သင့်၏မြတ်နိုးတန်ဖိုးထားရသော ပိုင်ဆိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း
ဤပေါ်လစီသည် (က) သဘောတူတန်ဖိုး (သို့မဟုတ်) (ခ) ဈေးကွက်ပေါက်ဈေးအပေါ်အခြေခံထား၍ အောက်ပါ ပိုင်ဆိုင်ပစ္စည်းများကို အကာအကွယ်ပေးပါသည်။
(၁) အဆောက်အဦ (မြေတန်ဖိုးမပါ)
(၂) စက်ရုံနှင့် စက်ယန္တယား၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ
(၃) ကုန်ပစ္စည်းများ (ကုန်ကြမ်း၊ ကုန်ချောနှင့် ထုတ်လုပ်ဆဲပစ္စည်းများ၊ လက်လီလက်ကားရောင်းချသူများနှင့် ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းများ)
(၄) ပရိဘောဂ၊ တပ်ဆင်ပစ္စည်းများနှင့် အခြားအတွင်းရှိပစ္စည်းများ
ခြွင်းချက် ။ ။ အတွင်းရှိပစ္စည်းများဟုဆိုရာ၌ ရွှေသတ္တု၊ ငွေသတ္တုနှင့် ကျောက်မျက်ရတနာများ၊ ကျပ် ၅၀,၀၀၀/- အထက်တန်ဖိုးရှိသော အနုပညာလက်ရာပစ္စည်းများနှင့် ထူးခြားဆန်းပြားသောပစ္စည်းများ၊ စာမူများ၊ စီမံချက်များ၊ ရုပ်ပုံကားချပ်များ၊ တံဆိပ်ခေါင်းများ၊ ငွေချေးသက်သေခံလက်မှတ်များ၊ စာချုပ်များ (သို့) စာရွက်စာတမ်းများ၊ ငွေအကြွေများ၊ ငွေစက္ကူများ၊ ချက်လက်မှတ်များ၊ ငွေစာရင်းစာအုပ်များ၊ ကွန်ပြူတာစနစ်မှတ်တမ်းများကို ဆိုလိုပါသည်။
ကာကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ
အခြေခံအကာအကွယ်များ
ဤပေါ်လစီသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း အမျိုးမျိုးတို့၏ မီးလောင်ကျွမ်းမှု ကြောင့်ဖြစ်စေ၊ မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်စေ၊ အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှု (သို့မဟုတ်) ပျက်စီးမှုတို့အတွက် အကာအကွယ်ရရှိပါမည်။
ထိုအပြင် အောက်ဖော်ပြပါဆုံးရှုံးမှုအမျိုးအစားများကိုလည်း ဤစံသတ်မှတ်ထားသော အာမခံပေါ်လစီမှ အကာအကွယ်ပေးပါသည်။
အပိုအန္တရာယ်အကာအကွယ်များ
သင့်အနေဖြင့် အောက်ဖော်ပြပါ အခြားသောဘေးအန္တရာယ်များအတွက် အပိုအကာအကွယ်များအား ထပ်မံဝယ်ယူ ရရှိနိုင်ပါသည်
အကာအကွယ်မရရှိနိုင်သည့်ဘေးအန္တရာယ်များ
အကျုံးမဝင်သော ကိစ္စရပ်များ
အာမခံထားသော ပိုင်ဆိုင်ပစ္စည်းများသည် မီးလောင်ကျွမး်မှု၏ အကျိုးဆက်ဖြစ်သော အောက်ဖော်ပြပါတို့ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်း
· အာမခံထားနိုင်သူများ
· အာမခံအကျုံးဝင်သော ဘေးအန္တရာယ်များကြောင့် ငွေရေးကြေးရေးဆုံးရှုံးမှုခံရနိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ လုပ်ငန်း၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းမဆို ၄င်းတို့၏ ပိုင်ဆိုင်ပစ္စည်းများအား မီးအာမခံထားနိုင်ပါသည်။ ၄င်းတို့ကို အောက်ပါ အတိုင်း အကြမ်းအားဖြင့် အမျိုးအစားခွဲခြားနိုင်ပါသည်။
· (၁) ပိုင်ရှင်များ၊ ပူးတွဲပိုင်ရှင်များ
(၂) အပ်နှံခံရသူများ၊ အဌားပေးသူ၊ အဌားယူသူ၊ ဘဏ်များ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပေါင်နှံသူ (မြီစား)၊ အပေါင်ခံသူ (မြီရှင်)၊ အပေါင်ပေးသူ၊
အတိုးယူပြီး အပေါင်ခံသူ
(၃) ကုန်လှောင်ရုံထိန်းသိမ်းသူ / စောင့်ရှောက်သူများ
(၄) ဒေဝါလီခံရသောဖြစ်ရပ်တွင် တရားဝင်လက်ခံရရှိသူ (သို့) ပစ္စည်းလွှဲအပ်ခံရသူ
(၅) ဥပဒေအရ ပိုင်ဆိုင်ခွင့်ရှိသူ။ (ဥပမာ - ကုန်ပစ္စည်း သယ်ယူပို့ဆောင်သူများ၊ ဆိပ်ကမ်း၌ ယာယီသိုလှောင်ရုံရှိ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်း၊
ကော်မရှင်စား ကိုယ်စားလှယ်များစသည်….)
(၆) ဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ
· သင့်အိမ်အတွက်လိုအပ်ချက် -
လောကတွင် 'အိမ်' နှင့် တူသောနေရာဟူ၍ မရှိပါ။ အိမ်သည်သာလျှင် ကျွန်ပ်တို့၏ တန်ဖိုး အထားရဆုံးသော ပိုင်ဆိုင်မှုဖြစ်သလို ကမ္ဘာပေါ်တွင်ရှိသော ကျွန်ပ်တို့၏ တစ်ခုတည်းသော နိဗ္ဗာန်ဘုံပင်ဖြစ်ပါသည်။
'အိမ်' ကဲ့သို့သော အရေးပါသော အရာဟူ၍ မရှိပါချေ။ သို့ဖြစ်ပါ၍ အိမ်ဆိုသည်မှာ မိမိတို့၏ မိသားစုများ၊ ပိုင်ဆိုင်မှုများ တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံမှုများနှင့် အမှတ်တရများ၏ နှလုံးသည်းပွတ်ပင် ဖြစ်ပါသည်။ ထိုကြောင့် ကျွန်ပ်တို့ IKBZ ၏အာမခံပေါ်လစီဖြင့် သင်မြတ်နိုးရသော 'အိမ်' အား မမျှော်မှန်းနိုင်သော ဖြစ်ရပ်များမှ အကောင်းဆုံးအကာအကွယ်ပေးမည်ဖြစ်ပါသည်။
· သင့်လုပ်ငန်းအတွက်လိုအပ်ချက် -
သင်၏စီးပွားရေးလုပ်ငန်းတွင် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများနှင့် အမျိုးမျိုးသော ပိုင်ဆိုင်ပစ္စည်းများရှိပြီး ယင်းတို့အား မီးနှင့်တွဲဖက်ဘေးအန္တရာယ်အမျိုးမျိုး၏ ခြိမ်းခြောက်မှုကြောင့် စိုးရိမ်နေရပါသည်။
မီးဘေးအန္တရာယ်သည် ငွေရေးကြေးရေး ဆုံးရှုံးမှုကြီးမားစွာ ဖြစ်စေပြီး သင်၏စီးပွားရေးအား အလုံးစုံပျက်စီးဆုံးရှုံးစေနိုင်ပါသည်။ သို့သော်လည်း စိုးရိမ်ကြောင့်ကြမှုမရှိပါနှင့်။ မီးလောင်မှုအတွက်ပြီးပြည့်စုံ လုံခြုံသော ငွေရေးကြေးရေးဆိုင်ရာ အကာအကွယ်ပေးမည့် မှန်ကန်သည့် အဖြေဖြစ်သော IKBZ အာမခံရှိနေပြီ ဖြစ်ပါသည်။ တစ်စုံတရာဖြစ်ခဲ့လျှင် ပူစရာမလိုပါ သင့်ဘေးတွင်ကျွန်ပ်တို့ရှိနေပါပြီ။
အာမခံသက်တမ်း
· အာမခံသက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ နှစ်စဉ်ပြန်လည်သက်တမ်းတိုးနိုင်သည်။
· အာမခံသက်တမ်းကို အနည်းဆုံး (၁၀) ရက်မှ အများဆုံးတစ်နှစ် သက်တမ်းအထိ ထားရှိနိုင်ပါသည်။ လက်ရှိ အာမခံသက်တမ်းမကုန်ဆုံးမီ၊ ပေါ်လစီကို သက်တမ်းတိုးနိုင်ပါသည်။
ပရီမီယံနှုန်းထား
အနိမ့်ဆုံး ၀.၁၃% မှ အမြင့်ဆုံး ၃.၅% ထိ
အာမခံကြေးကို ကောက်ခံရတွင် -
လျော်ကြေးမဲ့ဆု
· လျော်ကြေးမဲ့ဆု ဆိုသည်မှာ တစ်နှစ်အတွင်းပျက်စီးဆုံးရှုံးမှု မရှိခဲ့ပါက အာမခံပရီမီယံကြေးအပေါ် ၂၅% လျော့၍ကောက်ခံခြင်း ဖြစ်သည်။ ပေးသွင်းရမည့် ပရီမီယံပေါ်တွင် လျော့ပေးမည့်ဆုကြေးမျိုးပင်ဖြစ်ပါသည်။ ၄င်းဆုကို အောက်ပါအတိုင်း ခံစားခွင့်ရှိပါသည်။
· ပထမနှစ် ၀% (မရနိုင်ပါ)
ဒုတိယနှစ် ၂၅%
တတိယနှစ် ၂၅%
(လျော်ကြေးမဲ့ဆု၏ ၂၅% သည် ပေါ်လစီသက်တမ်း တစ်လျှောက်လုံး ပုံသေရခွင့်ရှိပါသည်။
ပရီမီယံကြေးပေးသွင်းခြင်း
ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်း ပေးသွင်းရမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်များ
လုံးဝဆုံးရှုံးမှုအတွက်
အာမခံထားသူသည် အာမခံထားသည့်ပိုင်ဆိုင်ပစ္စည်း၏ လုံးဝဆုံးရှုံးပျက်စီးမှုအတွက် အာမခံထားငွေအထိ လျော်ကြေးငွေ ခံစားခွင့်ရှိနိုင်ပါသည်။
တစိတ်တဒေသဆုံးရှုံးမှုအတွက်
အာမခံထားသူသည် မီး(သို့)အာမခံထားသော ဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့့်ပျက်စီးသွားသော ပိုင်ဆိုင်ပစ္စည်း၏ အာမခံထားသော အမှန်တကယ်ဆုံးရှုံးသည့် ပမာဏအထိ လျော်ကြေးငွေခံစားခွင့် ရရှိနိုင်ပါသည်။
ပြင်ဆင်မှုများ
အာမခံထားရှိစဉ် အကြောင်းအရာများနှင့်ပတ်သက်သောအပြောင်းအလဲတရပ်ရပ် ဖြစ်ပေါ်ခဲ့ပါက ကျွန်ပ်တို့၏ IKBZ ရုံး (သို့) သက်ဆိုင်ရာကိုယ်စားလှယ်ထံသို့ ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အကြောင်းကြားရပါမည်။ ဥပမာအားဖြင့် -
မည်သို့အာမခံထားရှိရမည်နည်း
· မည်သည့်ပိုင်ဆိုင်ပစ္စည်းကိုမဆို အာမခံထားလိုလျှင် IKBZ ဝန်ထမ်း (သို့မဟုတ်) IKBZ အာမခံ ကိုယ်စားလှယ်များ နှင့် ဆက်သွယ်၍ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါလုပ်ငန်းစဉ် များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
· (၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
(၂) အာမခံကုမ္ပဏီမှ မျက်မြင်စစ်ဆေးမှုပြုလုပ်ခြင်း
(၃) ပရီမီယံပေးသွင်းခြင်း
(၄) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
· အကယ်၍ အာမခံထားရန်အတွက် မည့်သည့်အကူအညီမဆို လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ IKBZ ဝန်ထမ်းနှင့် IKBZ ၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။
· IKBZ နှင့် မည်သည့် IKBZ ကိုယ်စားလှယ်ကို မဆိုဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ၄င်းတို့အနေဖြင့် လိုအပ်သော ဆောင်ရွက်မှုများအတွက် လမ်းညွှန်မှုများကို ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
မည်သို့လျှော်ကြေးတောင်းခံရမည်နည်း
အကယ်၍ ကံကြမ္မာဆိုးတခုခုကျရောက်ကြုံတွေ့လာပါက စိုးရိမ်ပူပန်မှုများကို ကျွန်ပ်တို့ထံပေးပို့လိုက်ပါ။ လူကြီးမင်း အနေဖြင့် ဆုံးရှုံးပျက်ဆီးမှုများအတွက် ကျွန်ပ်တို့ထံသို့ ချက်ချင်းအကြောင်းကြားပေးရန်သာရှိပါမည်။ သို့မှသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသော မျက်မြင်စစ်ဆေးရေးအဖွဲ့အား စေလွှတ်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ IKBZ ရုံး (သို့) IKBZ ကိုယ်စားလှယ် (သို့) ဝန်ထမ်းတစ်ဦးဦးမှ လျော်ကြေးတောင်းခံမည့် ကိစ္စရပ်များအတွက် ညွှန်ပြကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ သင့်အနေဖြင့် လျော်ကြေးတောင်းခံလွှာပုံစံကို ဖြည့်စွက်ပြီး ပြန်လည်ပေးအပ် ရန်သာရှိပါသည်။
ဆုံးရှုံးမှုဖြစ်ပွားချိန်တွင် လက်ရှိအကာအကွယ်ယူထားသည့် ပိုင်ဆိုင်ပစ္စည်းနှင့် ပတ်သက်သော အခြားသော အာမခံများရှိပါကလည်း အကြောင်းကြားရပါမည်။