KBZ MS
KBZ MS
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure
  • More
    • Home
    • About Us
    • Our Products
    • Corporate Governance
    • News
    • Brochures
    • CSR
    • FAQs
    • Contact Us
    • Career
    • Claim Procedure
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure

Comprehensive Motor Insurance

အလုံးစုံမော်တော်ယာဉ်အာမခံ


သင့်၏ယာဉ်မှာ သင့်အတွက်တန်ဖိုးအထားရဆုံးသောပိုင်ဆိုင်မှုတစ်ခုပင်ဖြစ်ပါသည်။ ကျွန်တော်များ IKBZ အလုံးစုံမော်တော်ယာဉ်အာမခံဖြင့် သင့်၏ယာဉ်အား မမျှော်မှန်းနိုင်သော အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို အကာအကွယ်ပေးသွားမည်ဖြစ်ပါသည်။ ယခု သင့်အနေဖြင့် အခက်အခဲမရှိဝန်ဆောင်မှု၊ လမ်းခရီးတလျှောက်အကူအညီ၊ တာဝန် ပေးထားသော စက်ပြင်အလုပ်ရုံများ၏ ပံ့ပိုးမှု၊ လျှော်ကြေးတောင်းခံရာတွင် အလျှင်အမြန်ပေးလျှော်နိုင်ရေးအတွက် လုပ်ငန်းစဉ်အနည်းဆုံးဖြင့် စီစဉ်ထားရှိမှုတို့ဖြင့် IKBZ မှ ဆောင်ရွက် ပေးနေပြီဖြစ်၍ သင့်အနေဖြင့် စိတ်ချလက်ချနေနိုင်ပြီဖြစ်ပါသည်။

ကျွန်တော်များ IKBZ အလုံးစုံမော်တော်ယာဉ်အာမခံဖြင့် သင်၊ သင့်ဝန်ထမ်း၊ သူတပါးပိုင်ဆိုင်ပစ္စည်းများနှင့် သင့်လုပ်ငန်း၏ မော်တော်ယာဉ်ဆိုင်ရာ ပိုင်ဆိုင်ပစ္စည်းများ (ကုန်တင်ယာဉ်၊ ရွှေ့လျားနိုင်သောစက်ကြီးများ၊ အခြားယာဉ်များ) အတွက် အကာအကွယ်ပေးနိုင်ရန် အကူအညီပေးနေပါသည်။ ယာဉ်အရေအတွက် နည်းနည်းများများ၊ ကျွမ်းကျင်သော IKBZ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ ကျွန်တော်များ IKBZ အလုံးစုံမော်တော်ယာဉ်အာမခံကြောင့် သင့်ယာဉ်အတွက် အစဉ်အမြဲ စိတ်အေးချမ်းသာစွာ နေနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။


ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ


ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း


ဤပေါ်လစီသည် (က) သဘောတူတန်ဖိုး (သို့မဟုတ်) (ခ) ဈေးကွက်ပေါက်ဈေးအပေါ် အခြေခံထား၍ အောက်ပါယာဉ်များကို အကာအကွယ်ပေးသွားမည်ဖြစ်ပါသည်။

(က) မော်တော်ယာဉ်များ
     (၁) ကိုယ်ပိုင်ယာဉ်များ
     (၂) သံရုံး၊ ကုလသမဂ္ဂနှင့် ယင်းအဖွဲ့အစည်းများပိုင်ယာဉ်များ
     (၃) စီးပွားရေးလုပ်ငန်းသုံးယာဉ်များ
     (၄) ဌားရမ်းအသုံးပြုသောယာဉ်များ၊ ခရီးသွားယာဉ်များ
     (၅) ကုန်စည်ပို့ဆောင်ရေးယာဉ်များ
     (၆) ဘတ်စ်ကား၊ လူစီးတွဲ (သို့) အဌားယာဉ်များ
     (၇) လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ နိဗ္ဗာန်ယာဉ်နှင့် ဘာသာရေးအဖွဲ့အစည်းများပိုင်ယာဉ်များ
     (၈) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အခြားသောမည်သည့် ယာဉ်မဆို

(ခ) ရွေ့လျားနိုင်သော အကြီးစားယာဉ်များ (ဝန်ချီစက်၊ ဝန်တင်စက်၊ မြေတူးစက်၊ မြေသယ်စက်)


အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ


အခြေခံအကာအကွယ်များ


အောက်ပါဖြစ်စဉ်များကြောင့် သင်၏မော်တော်ယာဉ်၊ သူတစ်ပါးပိုင်ဆိုင်ပစ္စည်းဆုံးရှုံးပျက်စီးမှု၊ သူတစ်ပါး ထိခိုက်ခြင်းအပေါ် ပေးလျော်ရန်တာဝန်ရှိမှုများကို အကာအကွယ်ပေးသွားမည်ဖြစ်ပါသည်။

  • တိုက်မိခြင်းနှင့်      တိမ်းမှောက်ခြင်း
  • မီးလောင်ခြင်း၊      ပေါက်ကွဲခြင်း (သို့မဟုတ်) မိုးကြိုးပစ်ခြင်း
  • မသမာသောစိတ်ဖြင့်ဖျက်ဆီးခြင်း
  • ကုန်းလမ်း၊      မီးရထားနှင့် ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း (ကုန်တင်ကုန်ချ      ပြုလုပ်ခြင်းအပါအဝင်)
  • ရေကြီးခြင်း၊      မုန်တိုင်း (သို့မဟုတ်) သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ အပေါ်မှ      ကျသည့်အရာများကြောင့် ဆုံးရှုံးပျက်စီးခြင်း


အပိုအကာအကွယ်များ


ယာဉ်ပိုင်ရှင်များသည် အပိုပရီမီယံကြေးပေးသွင်းခြင်းအားဖြင့် အခြားဘေးန္တရာယ်များအတွက် အောက်ပါ အပိုအကာအကွယ်များ ရယူနိုင်ပါသည်။


မယူမနေရအကာအကွယ်များ


  • သပိတ်မှောက်ခြင်း၊      အဓိကရုဏ်းဖြစ်ခြင်း၊ ဆူပူမငြိမ်မသက်ဖြစ်ခြင်း (၃ ရက်အတွင်းသာ)
  • ယာဉ်လေကာမှန်ပျက်စီးခြင်း


ရွေးချယ်နိုင်သောအကာအကွယ်များ


  • သဘာဝဘေးန္တရာယ်      (ရေကြီးခြင်း၊ လေမုန်တိုင်း၊ မြေငလျင် စသည့် …)
  • စစ်ဘေးန္တရာယ်
  • ခိုးယူခံရခြင်း      စသည့် …


ဤပေါ်လစီအရ အကျုံးမဝင်သောအဓိကကိစ္စရပ်များ


လူကြီးမင်းတို့၏ လျော်ကြေးငွေတောင်းခံရာတွင် အဆင်မပြေမှုများ မကြုံတွေ့စေရေးအတွက် ဤပေါ်လစီအရ တည်ရှိသည့် အဓိကခြွင်းချက်များအား အတတ်နိုင်ဆုံးရိုးရှင်းလွယ်ကူစွာ သိမြင်နိုင်ရေးအတွက် ကျွန်တော်များ IKBZ က အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

အောက်ပါကိစ္စရပ်များကြောင့် ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးပျက်စီးခဲ့ပါက အကာအကွယ်မရရှိနိုင်ပါ။

  • သက်တမ်းရှည်ကြာ      အသုံးပြုခြင်းကြောင့် သာမန်ယိုယွင်းပျက်စီးလာမှု
  • နောက်ဆက်တွဲ      အကျိုးသက်ရောက် ပျက်စီးဆုံးရှုံးမှု
  • စက်ပိုင်းဆိုင်ရာ      (သို့) လျှပ်စစ်ပိုင်းဆိုင်ရာ ပျက်စီးချို့ယွင်းမှု
  • အသုံးပြုရန်      ကန့်သတ်ချက်များကို ကျော်လွန်၍ယာဉ်ကိုအသုံးပြုမှု
  • သက်တမ်းရှိလိုင်စင်မရှိသူတစ်ဦးမှ      ယာဉ်မောင်းနှင်၍ ဖြစ်ပေါ်လာသောပျက်စီးမှု
  • အရက်(သို့)      မူးယစ်ဆေးဝါးသုံးစွဲထားသူတစ်ဦးမှ ယာဉ်မောင်းနှင်၍ ဖြစ်ပေါ်လာသောပျက်စီးမှု
  • မတော်တဆဖြစ်စဉ်ကြောင့်မဟုတ်ဘဲ      တာယာနှင့်ကျွတ်များပျက်စီးမှု
  • မြန်မာနိုင်ငံနယ်နိမိတ်ပြင်ပ၌      ဖြစ်ပွားသော ဆုံးရှုံးမှု၊ ပျက်စီးမှ

image55

Copyright © 2019 KBZ MS - All Rights Reserved.

  • Claim Procedure

Powered by GoDaddy Website Builder