ငွေသားလုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ သမာဓိအာမခံ
ငွေသားလုံခြုံမှုအာမခံ
အစိုးရဌာနများ၊ သမ၀ါယမလုပ်ငန်းများ၊ ဘဏ်များ (အစိုးရ၊ ပုဂ္ဂလိက) အခြားပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ၊ မိမိလက်ဝယ်ရှိ ငွေများကို လုပ်ငန်းတည်ရှိရာနေရာတွင် သိမ်းဆည်းထားသောငွေများအတွက် ငွေသားလုံခြုံမှုအာမခံထားနိုင်ပါသည်။
အာမခံအကာအကွယ်
(၁) ဖောက်ထွင်းခိုးယူခံရခြင်း၊ လုယက်ခံရခြင်း
(၂) အကြမ်းဖက်ခြင်းနှင့် အင်အားအသုံးပြုယူဆောင်ခြင်း
အာမခံသက်တမ်း
(၁) ရက်မှ (၁) နှစ်အထိ
ပရီမီယံနှုန်းထား
တစ်နှစ်အတွက် ပရီမီယံကြေးမှာအစိုးရနှင့် ပုဂ္ဂလိကဘဏ်များအတွက် အာမခံထားငွေ၏ ၀.၂% မှ ၀.၅% ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အာမခံထားငွေ၏ ၁% ဖြစ်ပါသည်။
(၇) ပေါ်လစီတွင်ဖော်ပြထားသည့် အခြားသော အကျုံးမဝင်သည့်ကိစ္စရပ်များ
ငွေပို့ငွေသယ်အာမခံ
အစိုးရဌာနများ၊ သမ၀ါယမလုပ်ငန်းများ၊ ဘဏ်များ (အစိုးရ၊ ပုဂ္ဂလိက) အခြားပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ၊ မိမိလက်ဝယ်ရှိ ငွေများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ငွေပို့ငွေသယ်အာမခံထားနိုင်ပါသည်။
ပရီမီယံနှုန်းထား
အကွာအဝေး၊ လုံခြုံမှုအစီအစဥ်နှင့် လမ်းခရီးအခြေအနေတို့အပေါ် မူတည်၍ အနိမ့်ဆုံး ၀.၀၂၇ % မှအမြင့်ဆုံး ၀.၀၉% ထိ
အာမခံသက်တမ်း
ခရီးစဥ်တစ်ခုအတွက် အစမှအဆုံးအထိ
သမာဓိအာမခံ
အစိုးရဌာနများ၊ သမ၀ါယမလုပ်ငန်းများ၊ ဘဏ်များ (အစိုးရ၊ ပုဂ္ဂလိက) အခြားပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသောအမှုထမ်း၊ အရာထမ်းများအား လုပ်ငန်းမှ၎င်းတို့၏ တာ၀န်အရ လက်ခံဆောင်ရွက်နေရသော ငွေကြေးတန်ဖိုးနှင့်ပတ်သက်၍ သမာဓိအာမခံထားနိုင်ပါသည်။
အာမခံထားငွေ
ငွေကြေးတန်ဖိုးသည် ၀န်ထမ်းကသူ့တာ၀န်နဲ့အညီ စီမံခန့်ခွဲမှုအပေါ်မူတည်ပါသည်။
အာမခံသက်တမ်း
အာမခံသက်တမ်း (၁) နှစ် ဖြစ်ပါသည်။
ပရီမီယံနှုန်းထား
တစ်နှစ်အတွက် ပရီမီယံကြေးမှာ အစိုးရနှင့်ပုဂ္ဂလိကဘဏ်များအတွက် အာမခံထားငွေ၏ ၁% ဖြစ်ပြီး သမ၀ါယမနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် အာမခံထားငွေ၏ ၂% ဖြစ်ပါသည်။
Copyright © 2019 KBZMS - All Rights Reserved.