KBZ MS
KBZ MS
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure
  • More
    • Home
    • About Us
    • Our Products
    • Corporate Governance
    • News
    • Brochures
    • CSR
    • FAQs
    • Contact Us
    • Career
    • Claim Procedure
  • Home
  • About Us
  • Our Products
  • Corporate Governance
  • News
  • Brochures
  • CSR
  • FAQs
  • Contact Us
  • Career
  • Claim Procedure

KBZ MS Arrawjan

KBZ MS Arrawjan

ဤအာမခံ အကြောင်းအရာ အချက်အလက်များ
ကျန်းမာရေးအာမခံ အချက်အလက်များ

(က) အခြေခံအာမခံ အကာအကွယ်
  (၁) ရောဂါကြောင့် ဆေးရုံတက်ခြင်း။
  (၂) မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း။
  (၃) မတော်တဆမှုကြောင့် သေဆုံးခြင်း။
  (၄) ရောဂါကြောင့် သေဆုံးခြင်း။

(ခ) ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ်
  (၁) အကာအကွယ်(၁) - ခွဲစိတ်ကုသခြင်း၊ ကိုယ်၀န်ပျက်ကျခြင်။း
  (၂) အကာအကွယ်(၂) - ဆေးရုံ/ဆေးခန်းပြသခြင်း။

(ဂ) ပြင်းထန်သောရောဂါကုသမှုအာမခံ

အကာအကွယ် (အသက် ၆ နှစ် မှ အသက် ၆၀ နှစ် အတွင်းရှိသူများ ထားရှိနိုင်ပါသည်။)
  (၁) နှလုံးရပ်ခြင်း။
  (၂) လေဖြတ်ခြင်း။
  (၃) ကင်ဆာ။
  (၄) ကျောက်ကပ်ပျက်စီးခြင်း။
  (၅) အစားထိုးကုသခြင်းး။
  (၆) နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း။
  (၇) လမ်းကြောင်းလွဲ၍နှလုံးခွဲစိတ်ကုသခြင်းး။
  (၈) ပြင်းထန်စွာ မီးလောင်ခြင်း။
  (၉) သတိမေ့ခြင်း။
  (၁၀) ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း။

အာမခံ၀ယ်ယူနိုင်မည့်အရေအတွက်

(က) အခြေခံအာမခံ အကာအကွယ် (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။

(ခ) ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ်
  (၁) အကာအကွယ်(၁) - (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။
  (၂) အကာအကွယ်(၂) - (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။

(ဂ) ပြင်းထန်သောရောဂါကုသမှုအာမခံ အကာအကွယ် (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။

အပြည်ပြည်ဆိုင်ကမော္ဘဇ  အာမခံလုပ်ငန်းတွင် KBZMS အာရောဂျံကို ရွေးချယ်ရလွယ်ကူအောင် Corporate  Packages (၃) မျိုး နှင့် Personal Packages (၃)မျိုးဖြင့် ၀န်ဆောင်မှု  ပေးလျှက်ရှိပါသည်။ KBZMS အာရောဂျံ Corporate Packages (၃) မျိုး နှင့်  Personal Package (၃)မျိုးမှာ-

Personal Packages (၃)မျိုး

 (၁) KBZMS အာရောဂျံ - မူလ 

 (၂) KBZMS အာရောဂျံ - မဇ္ဈိမ

 (၃) KBZMS အာရောဂျံ - မဟာ 

 

Corporate   Packages (၃) မျိုး

(၁) KBZMS အာရောဂျံ - ဓူ၀ံ

(၂) KBZMS အာရောဂျံ - စန္ဒာ

(၃) KBZMS အာရောဂျံ - သူရိယ

Package များမှာ ရွေးချယ်ရလွယ်ကူရန် ပြုလုပ်ထားခြင်းဖြစ်ပြီး Customer လိုအပ်ချက်အရ အကာအကွယ်အား အတိုး/အလျော့ ပြုလုပ်နိုင်ပါသည်။

ဤပေါ်လစီအရ အကျုံးမ၀င်သောအဓိက ကိစ္စရပ်အချို့မှာ-

 (၁) ဆေးကုသမှုခံယူခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကိုရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီး သားဖြစ်နေခြင်း။
(၂) သားဖွားခြင်း၊ ဗိုက်ခွဲမွေးဖွားခြင်း၊  မီးဖွားခြင်းနှင့်ဆိုင်သောခွဲစိတ်မှု။ သို့သော်အာမခံထားပြီးနောက်  ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော  ကိုယ်ဝန်ကြောင့်ဖြစ်လာသည့် တွဲဖက်ရောဂါများ  (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ကိုယ်ဝန်ဆောင်ဆီးချိုရောဂါစသည်တို့)  ကြောင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့်  ပေးချေရန်အကျုံးဝင်သည်။ ထို့ပြင် ကိုယ်ဝန်ပျက်ကျခြင်းသည်  ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် (၁)ကို ဝယ်ယူထားပါက အကျိုးခံ  စားခွင့်ပေးချေရန် အကျုံးဝင်သည်။
(၃) စိတ်ပေါ့သွပ်ခြင်း။ (Psychosis)/စိတ်ရောဂါဝေဒနာကြောင့်ဖြစ်ခြင်း။ (Mental Disorders)
(၄) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
(၅) သားသမီးရလိုမှုဖြင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း။
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်း မှအပဖြစ်သော သွားနှင့်ပတ်သက်သည့်ကုသမှုအတွက်ဖြစ်ခြင်း။
(၇) မတော်တဆထိခိုက်ဒဏ်ရာရခြင်း မှအပဖြစ်သော  မျက်မှန်အပါအဝင်မျက်စိစမ်းသပ်ခြင်း၊အမြင်သွေ  ဖယ်ခြင်း၊မျက်စိကုသခြင်း၊အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း။
(၈) အလှအပအတွက်ဖြစ်ခြင်း။
(၉) နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
(၁၀) ကိုယ်ခန္ဓာချို့ယွင်းခြင်း။ (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း။ (Infirmity)
(၁၁) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(၁၂) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
(၁၃) AIDS/HIV ဖြစ်ခြင်း။။
(၁၄) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း  (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ်  (သို့မဟုတ်)အာဏာသိမ်းခြင်းနှင့် ဖော်ပြပါအဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက်  (သို့မဟုတ်)သွယ်ဝိုက်သောအကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့်တိုက်ရိုက်သော်လည်းကောင်း၊  သွယ်ဝိုက်သော်လည်းကောင်း  ဝေးလံစွာသော်လည်းကောင်းဖြစ်ပေါ်စေသောအားပေးသော၊အခြေခံ သော၊ပေါ်ပေါက်သော  မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
(၁၅) ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ။
(၁၆) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
(၁၇) မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း
(၁၈) အာမခံစသည့်နေ့ (သက်တမ်းဆက်ထားသည့်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ  စာချုပ်၏အာမခံ စသည့်နေ့) မှစပြီးရက်ပေါင်း ၉၀  အတွင်းရောဂါအမည်သတ်မှတ်ခံရသည့် ကင်ဆာဖြစ်စေသောအလုံး အကျိတ် (Malignant  Tumor) ကို ကုသခြင်း။
(၁၉) Carcinoma in situ/ Instraepithelial Neoplasm (အက်ပီသီလျှမ်)  အလွှာတွင်းအလုံးအကျိတ်/ အရေပြား၊အသက်ရှူ၊အစာနှင့်ဆီးလမ်းကြောင်းတို့၏  အခေါင်းအင်္ဂါလမ်းကြောင်းအားလုံးရှိ အက်ပီသီ  လျှမ်ဆဲလ်အလွှာတွင်အလုံးအကျိတ်ဖြစ်ပွားခြင်း။

KBZ MS အာရောဂျံ ထားနိုင်သူများ

မြန်မာနိုင်ငံသားများနှင့်  မြန်မာနိုင်ငံအတွင်း တရား၀င်နေထိုင်လျှက်ရှိသော  နိုင်ငံခြားသားများအနေဖြင့် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မိဘအုပ်ထိန်းသူမှ  တာ၀န်ယူထားရှိခြင်းဖြင့်လည်းကောင်း၊ အသက် (၁၈)နှစ် မှ အသက် (၇၅)နှစ်  အတွင်းရှိသူများအတွက် မိမိကိုယ်တိုင်သော်လည်းကောင်း KBZMအာရောဂျံ  ထားရှိနိုင်ပါသည်။

ပြင်းထန်ရောဂါကုသမှုအတွက် အသက် (၆) နှစ်မှ အသက် (၆၀) နှစ်အတွင်းရှိသူများ ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။

ပရီမီယံနှုန်းထား

အာမခံထားလိုသည့် အာမခံထားသူ၏အသက်ပေါ် မူတည်၍ နှုန်းထားများသတ်မှတ်ထားပါသည်။

ပရီမီယံကြေးပေးသွင်းခြင်း

တစ်ဦးချင်း ( (၆) လတစ်ကြိမ်ပေး၊ တစ်လုံးတည်းပေး)

အစုအဖွဲ့ ( လစဉ်ပေး၊ (၃) လတစ်ကြိမ်ပေး၊ (၆) လတစ်ကြိမ်ပေး၊ တစ်လုံးတည်းပေး

မည်သို့အာမခံထားရှိရမည်နည်း

ကျန်းမာရေးအာမခံထားလိုလျှင်  KBZMS ဝန်ထမ်း (သို့မဟုတ်) KBZMSအာမခံ ကိုယ်စားလှယ်များ နှင့်  ဆက်သွယ်၍ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး  လျှောက်ထားရာတွင် အောက်ပါလုပ်ငန်းစဉ် များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

(၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
  (၂) ပရီမီယံပေးသွင်းခြင်း
  (၃) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

အကယ်၍  အာမခံထားရန်အတွက် မည့်သည့်အကူအညီမဆို လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ KBZMS  ဝန်ထမ်းနှင့် KBZMS ၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန်  အသင့်ရှိပါသည်။

မည်သို့လျှော်ကြေးတောင်းခံရမည်နည်း

လူကြီးမင်း  အနေဖြင့် ကျွန်ပ်တို့ထံသို့ ချက်ချင်းအကြောင်းကြား ပေးရန်သာရှိပါမည်။  သို့မှသာ KBZMS ဝန်ထမ်းတစ်ဦးဦးမှ လူကြီးမင်းလျော်ကြေးတောင်းခံမည့်  ကိစ္စရပ်များအတွက် ညွှန်ပြကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
KBZMS က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား အသေအချာထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

image33

Copyright © 2019 KBZ MS - All Rights Reserved.

  • Claim Procedure

Powered by GoDaddy Website Builder