သမာဓိအာမခံ
အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းဆောင်တာ တစ်ရပ်ရပ်တွင် ဌာနတွင်းအပြန်အလှန်ထိန်းကျောင်းမှုစနစ်များ မည်သို့ပင် ထားရှိစေကာမူ အမှုထမ်းများ၏ မလျော်ကန်စွာအသုံးပြုခြင်း၊ အလွဲသုံးစားပြုခြင်း ကဲ့သို့သော မမျှော်မှန်းထားသော ဖြစ်ရပ်များနှင့် ကြုံတွေ့ခံစားနိုင်ပါသည်။ ထိုကြောင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သော အဆိုပါဖြစ်ရပ်များကို IKBZ ၏ သမာဓိအာမခံပေါ်လစီဖြင့် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း
ဤပေါ်လစီသည် ငွေကိုင်များ၊ ဘဏ္ဍာရေး (သို့) အရောင်းဝန်ထမ်းများနှင့် အဖွဲ့အစည်းအတွင်းရှိ ရာထူးအရသော်လည်းကောင်း (သို့) ယုံကြည်လွှဲအပ်မှုအရသော်လည်းကောင်း တာဝန်ပေးထားသည့် အခြားသော အလားတူဝန်ထမ်းများကြောင့်ဖြစ်ပေါ်သော ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများကို ကာကွယ်ပေးရန် ရည်ရွယ်ပါသည်။
၁။ လုပ်ငန်းမှယုံကြည်စိတ်ချစွာအပ်နှံထားသောငွေကြေး
၂။ အမှုထမ်း၏တာဝန်အရလက်ခံဆောင်ရွက်ရသောငွေကြေး
“ငွေကြေး” ဟူသော ဝေါဟာရတွင် ငွေသားနှင့် သို့မဟုတ် ငွေသားအဖြစ် အလွယ်တကူပြောင်းလဲ ဖော်ဆောင်နိုင်သည့် အခြားဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများပါဝင်သည် ဆိုလိုသည်ဟု မှတ်ယူရမည်။
နိုင်ငံခြားငွေကြေးကိစ္စတွင် ဆုံးရှုံးမှုဖြစ်ချိန်၌ ဗဟိုဘဏ်က သတ်မှတ်ထားသည့် နှုန်းထားဖြင့် ပြည်တွင်းသုံး ငွေကြေးနှင့် ညီမျှအောင် ပြောင်းလဲစေရမည်။
အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အမှုထမ်းများ၏ အလုပ်အကိုင်တာဝန်ရှိမှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်ခဲ့သည့် အောက်ပါ ကိစ္စရပ်များကြောင့် အလုပ်ရှင်များအပေါ် ငွေကြေးဆိုင်ရာတိုက်ရိုက်ဆုံးရှုံးမှုများအတွက် ကာကွယ်ပေးပါသည်။
ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များ
ဤပေါ်လစီအရ အကျုံးမဝင်သောအဓိကကိစ္စရပ်အချို့မှာ -
ပေါ်လစီအမျိုးအစားများ
ဤအကာအကွယ်သည် အမှုထမ်းတစ်ယောက်ချင်း (သို့) အဖွဲ့လိုက်အတွက် အကာအကွယ်ပေးပါသည်။ အာမခံလက်ခံသူမှ ပုံမှန်အားဖြင့်ထုတ်ပေးသည့် ပေါ်လစီအမျိုးအစား (၃) ခုမှာ - တစ်ဦးချင်းပေါ်လစီ၊ စုပေါင်းပေါ်လစီနှင့် ရာထူးအလိုက်ပေါ်လစီတို့ဖြစ်ပါသည်။
တစ်ဦးချင်းပေါ်လစီ
ဤပေါ်လစီသည် အမှုထမ်းတစ်ဦးစီအလိုက်ဖော်ပြထားသော တန်ဖိုးငွေအား အကာအကွယ်ပေးပါသည်။
စုပေါင်းပေါ်လစီ
ဤပေါ်လစီသည် အမှုထမ်းအဖွဲ့လိုက်ကို အကာအကွယ်ပေးပါသည်။ အာမခံထားသူအလုပ်ရှင်သည် အမှုထမ်းတစ်ဦးချင်းစီအတွက် အာမခံထားရမည့်ငွေကို ယင်းတို့၏ရာထူးနှင့်ဝတ္တရားအရ ဆုံးဖြတ်ပေးရပါမည်။ ပေါ်လစီတွင် အဆိုပါဇယားအား ပူးတွဲဖော်ပြရပါမည်။
ရာထူးအလိုက်ပေါ်လစီ
ဤပေါ်လစီသည် အလုပ်လုပ်သည့်အမှုထမ်း အရေအတွက်ကို ထည့်သွင်းမစဉ်းစားဘဲ ရာထူးအလိုက် သတ်မှတ်ထားသည့် အာမခံပမာဏကိုသာ အကာအကွယ်ပေးသည်။ ဤပေါ်လစီ၏ဇယားတွင် တစ်ဦးတစ်ယောက်ချင်း၏ အမည်ထက် ရာထူးတစ်ခုချင်းစီအတွက် သတ်မှတ်ထားသည့် အာမခံထားငွေပမာဏ ပါဝင်ရပါမည်။
အာမခံထားနိုင်သူများ
အာမခံထားရှိနိုင်သော ဘေးအန္တရာယ်များကြောင့် ငွေရေးကြေးရေးဆုံးရှုံးမှုခံရနိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ လုပ်ငန်း၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းမဆို ဤပေါ်လစီအရ သမာဓိအာမခံထားနိုင်ပါသည်။ ၎င်းတို့ကို အောက်ပါအတိုင်း အကြမ်းအားဖြင့် အမျိုးအစားခွဲခြားနိုင်ပါသည်။
အာမခံသက်တမ်း
· သမာဓိအာမခံသက်တမ်းသည် တစ်ရက်မှ တစ်နှစ်အထိဖြစ်သည်။
ပရီမီယံနှုန်းထား
မိမိလုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ပရီမီယံနှုန်းထားမှာ အနည်းဆုံး ၁% မှ အများဆုံး ၂% အထိ။
ပရီမီယံနှုန်းထားမှာ အောက်ပါအဖွဲ့အစည်း အမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ပရီမီယံကြေးပေးသွင်းခြင်း
· ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်းပေးချေရမည်ဖြစ်ပါသည်။
ပြင်ဆင်မှုများ
အာမခံထားရှိစဉ် အကြောင်းအရာများနှင့် ပတ်သက်သော အပြောင်းအလဲတစ်ရပ်ရပ် ဖြစ်ပေါ်ခဲ့ပါက ကျွန်ပ်တို့၏ IKBZ ရုံး (သို့) သက်ဆိုင်ရာ ကိုယ်စားလှယ်သို့ ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အကြောင်းကြားရပါမည်။ ဥပမာအားဖြင့် -
မည်သို့အာမခံထားရှိရမည်နည်း
· ဤသမာဓိအာမခံအရ အာမခံထားလိုလျှင် IKBZ ဝန်ထမ်း (သို့မဟုတ်) IKBZ အာမခံ ကိုယ်စားလှယ်များနှင့် ဆက်သွယ်၍ ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
· (၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
(၂) အမှုထမ်း၏ လိုအပ်သောစာရွက်စာတမ်းများစစ်ဆေးခြင်း
(၃) ပရီမီယံကြေးပေးဆောင်ခြင်း
(၄) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
· အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ IKBZ နှင့် ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။
· IKBZ နှင့် မည်သည့် ကိုယ်စားလှယ်ကို မဆိုဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှ အာမခံထားခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
မည်သို့လျှော်ကြေးတောင်းခံရမည်နည်း
အကယ်၍ ကံကြမ္မာဆိုးတစ်ခုခု ကျရောက်ကြုံတွေ့လာပါက စိုးရိမ်ပူပန်မှုများကို ကျွန်ပ်တို့ထံ ပေးပို့လိုက်ပါ။ သို့ရာတွင် -
IKBZ က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။