Cash-In-Transit Insurance

ငွေပို့ငွေသယ်အာမခံ


ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ


အဖွဲ့အစည်း အသီးသီးမှငွေများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူစဉ်အတွင်း ပျောက်ဆုံးငွေ၊ လုယက်ခံရငွေ ပမာဏများအတွက် ငွေပို့ငွေသယ် အာမခံထားနိုင်ပါသည်။


အာမခံသက်တမ်း


အကြိမ်အရေအတွက်အလိုက် ခရီးစဉ်အကွာအဝေးပေါ် မူတည်၍ အာမခံထားရှိနိုင်ပါသည်။


ပရီမီယံနှုန်းထား


အကွာအဝေးပေါ်မူတည်၍ ကျပ် (၁,၀၀၀) အတွက် အနိမ့်ဆုံး ၀.၁၇% မှ အမြင့်ဆုံး ၀.၉၀% ထိ ကျသင့်ပါသည်။


အာမခံအကာအကွယ်


သယ်ယူစဉ်အတွင်း ပျောက်ဆုံးငွေ၊ လုယက်ခံရငွေ ပမာဏများကို ပြန်လည်ပေးလျော်မည်ဖြစ်ပါသည်။

image41